“Queendom” ပြီးတော့ “Kingdom” လာတော့မှာလား

[Zawgyi]

 


 

 



 

 



 

 


#the_heat (MM Pandora K)
Source – allkpop

 

[Unicode]

Mnet ကနေ ထုတ်လွင့်ပြသနေတဲ့ variety show တစ်ခုဖြစ်တဲ့ “Queendom” ဟာ ခုချိန်မှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ ပြိုင်ပွဲတစ်ခုလေးပါ။

 

 

Queendom အကြောင်းကိုအရင်ဆုံး intro လေး ပြောပြချင်ပါတယ်နော်။ Queendom ဆိုတာက ပွဲထွက်ပြီးသား အမျိုးသမီး အဆိုတော်တွေကို ခေါ်ပြီး အချင်းချင်း ပြန်လည် ယှဉ်ပြိုင် စေတဲ့ ပြိုင်ပွဲလေးဖြစ်ပါတယ်။ ပြိုင်ပွဲ လေးမှာ ပါဝင် အဆိုရှင်တွေကတော့ Oh My Girl , G-Idle , Mamamoo ,Lovelyz , AOA နဲ့ Park Bom တို့ဖြစ်ပါတယ်။

ခုချိန်မှာ “Queendom” အနေနဲ့ ပြီးဆုံးတော့မှာ ဖြစ်တဲ့ အတွက် “Queendom” ရဲ့ PD (Production Director – ထုတ်လုပ်ရေး တာဝန်ခံ) က သူအနေနဲ့ “Kingdom” ရိုက်ကူးတင်ဆက်ဖို့ အစီအစဉ် ရှိပါတယ်လို့ ပြောပြခဲ့ပါတယ်။

 

 

တကယ်လို့ Kingdom တကယ်ဖြစ်လာရင် ပါဝင်လာနိုင်တဲ့ Boy Group တွေကို K-Netizens တွေက ခုလို ခန့်မှန်း ထားခဲ့ပါတယ်။ ပါဝင်လာနိုင်တဲ့ ယှဉ်ပြိုင်သူ Boy group တွေကတော့ NU’EST, MONSTA X, Seventeen, ASTRO, နဲ့ VICTON တို့ဖြစ်ပါတယ်။

စာဖတ်သူပရိသတ်တွေအနေနဲ့ရော ဘယ် boy group တွေ ပါလာမလဲဆိုတာကို comment မှာ ဝင်ရောက်ဆွေးနွေးသွားရင်း MM Pandora K ရဲ့ Facebook Group ထဲကိုလည်း ဝင် join ပေးပြီး ကိုယ်ကြိုက်တဲ့ အနုပညာရှင် အကြောင်းကို ဝေမျှသွားနိုင်ပါတယ်နော်။

 

 

K-Pop,K-Drama, Idols & Cele တွေရဲ့ နောက်ဆုံးရ သတင်းများကို စုံစုံလင်လင် ဖတ်ဖို့အတွက် MM Pandora K ကို Like လုပ်ထားဖို့ မမေ့နဲ့နော်။

#the_heat (MM Pandora K)
Source – allkpop

Leave a Reply

Your email address will not be published. Required fields are marked *