Kim Do Wan က Ong Seong Wu နဲ႕ ပက္သက္ၿပီး “Moments Of 18” က အေၾကာင္းေျပာျပခဲ့

[Zawgyi]

Kim Do Wan က Ong Seong Wu နဲ႕ ပက္သက္ၿပီး “Moments Of 18” က အေၾကာင္းေျပာျပခဲ့
Kim Do Wan က interview တစ္ခုမွာ ပါဝင္ခဲ့ၿပီး JTBC ရဲ႕ “Moments of 18,” က သူ႕ role model အေၾကာင္း ေျပာျပခဲ့တာပါ။

 

Ong Seong Wu နဲ႕ အလုပ္တြဲလုပ္ရတာ ဘယ္လိုေနလဲဆိုတာ ေမးေတာ့ Kim Do Wan က Seongwu က ဂုဏ္ယူစရာ ေကာင္းၿပီး လူေတြကို ဂ႐ုစိုက္တတ္ေၾကာင္း၊ group chatroom ထဲမွာေတာင္ လူတိုင္းနဲ႕ စကားေျပာၿပီး အကုန္လုံးကို ဘယ္သူနဲ႕ အခင္ဆုံးဆိုၿပီး မေ႐ြးတတ္လို႔ အကုန္လုံးနဲ႕ စကားေျပာတဲ့ သူမ်ိဳးပါတဲ့။

 

Kim Do Wan က သခ်ာ္ေတာ္တဲ့ ေက်ာင္းသား Jo Sang Hoon ေနရာကေန သ႐ုပ္ေဆာင္ ထားေပမယ့္လို႔ တကယ္မွာ ေျပာင္းျပန္ပါတဲ့ေလ။ သူက တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္ၿပီး တစ္ေယာက္တည္း အခ်ိန္ကုန္ေနတတ္သူပါတဲ့။

 

ဒါေၾကာင့္ Kim Do Wan က Seung Woo လို မင္းသားမ်ိဳး ျဖစ္ခ်င္ပါတယ္တဲ့။ သ႐ုပ္ေဆာင္တာမွာလည္း သူ႕လိုမ်ိဳး ျဖစ္ခ်င္ၿပီး Seung Woo က တကယ္ role model ပါ။ သူသ႐ုပ္ေဆာင္ထားတာေတြကို ၾကည့္ရင္ ၾကက္သီးေတာင္ ထပါသတဲ့။

 

အတူတူ သ႐ုပ္ေဆာင္ရင္းေတာင္ Seung Woo က Dowanရဲ႕ နမူနာထားရတဲ့သူ ျဖစ္သြားခဲ့တာပါတဲ့ေနာ္။

 

Source from soompi.
#KTZ (MM Pandora K)
K-pop & K-Drama, Idols & Cele ေတြရဲ႕ ေနာက္ဆုံးရ သတင္းမ်ားကို စုံစုံလင္လင္ ဖတ္ဖို႔အတြက္ MM Pandora K ကို Like လုပ္ထားဖို႔မေမ့နဲ႕ေနာ္။

[Unicode]

Kim Do Wan က Ong Seong Wu နဲ့ ပက်သက်ပြီး “Moments Of 18” က အကြောင်းပြောပြခဲ့
Kim Do Wan က interview တစ်ခုမှာ ပါဝင်ခဲ့ပြီး JTBC ရဲ့ “Moments of 18,” က သူ့ role model အကြောင်း ပြောပြခဲ့တာပါ။

 

Ong Seong Wu နဲ့ အလုပ်တွဲလုပ်ရတာ ဘယ်လိုနေလဲဆိုတာ မေးတော့ Kim Do Wan က Seongwu က ဂုဏ်ယူစရာ ကောင်းပြီး လူတွေကို ဂရုစိုက်တတ်ကြောင်း၊ group chatroom ထဲမှာတောင် လူတိုင်းနဲ့ စကားပြောပြီး အကုန်လုံးကို ဘယ်သူနဲ့ အခင်ဆုံးဆိုပြီး မရွေးတတ်လို့ အကုန်လုံးနဲ့ စကားပြောတဲ့ သူမျိုးပါတဲ့။

 

Kim Do Wan က သချာ်တော်တဲ့ ကျောင်းသား Jo Sang Hoon နေရာကနေ သရုပ်ဆောင် ထားပေမယ့်လို့ တကယ်မှာ ပြောင်းပြန်ပါတဲ့လေ။ သူက တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး တစ်ယောက်တည်း အချိန်ကုန်နေတတ်သူပါတဲ့။

 

ဒါကြောင့် Kim Do Wan က Seung Woo လို မင်းသားမျိုး ဖြစ်ချင်ပါတယ်တဲ့။ သရုပ်ဆောင်တာမှာလည်း သူ့လိုမျိုး ဖြစ်ချင်ပြီး Seung Woo က တကယ် role model ပါ။ သူသရုပ်ဆောင်ထားတာတွေကို ကြည့်ရင် ကြက်သီးတောင် ထပါသတဲ့။

 

အတူတူ သရုပ်ဆောင်ရင်းတောင် Seung Woo က Dowanရဲ့ နမူနာထားရတဲ့သူ ဖြစ်သွားခဲ့တာပါတဲ့နော်။

 

Source from soompi.
#KTZ (MM Pandora K)
K-pop & K-Drama, Idols & Cele တွေရဲ့ နောက်ဆုံးရ သတင်းများကို စုံစုံလင်လင် ဖတ်ဖို့အတွက် MM Pandora K ကို Like လုပ်ထားဖို့မမေ့နဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *