[Zawgyi]
8 ပုဒ်မြောက် အနေနဲ့က EXO ရဲ့ “Miracles in December” ဆိုတဲ့ Christmas သီချင်းဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို ကောင်းမွန်တဲ့ သီချင်းပါပဲ။
9 ခုမြောက်က Chen နဲ့ D.O. ညီအကိုတွေ အတူတူ ဆိုထားတဲ့ “The Last Time” (original က Eric Benet) ဒီမှာလည်း သူတို့ main vocalist ၂ယောက်ရဲ့ ပါဝါကို ပြသနိုင်ခဲ့ပါတယ်။
Source from soompi.
#KTZ (MM Pandora K)
[Unicode]
EXO’s D.O. ကို လွမ်းရင် နားထောင်ရမယ့် သီချင်း ၁၀ ပုဒ်
EXO အဖွဲ့ဝင် D.O. ဖြစ်တဲ့ Doh Kyungsoo က အခုမှာ စစ်မှုထမ်းနေရတဲ့ ကာလ ဖြစ်ပါတယ်။ သူ့ရဲ့ အသံအေးအေး vocal မြင့်မြင့် ကို လွမ်းနေကြတဲ့ သူတွေ အတွက် ပြန်နားထောင်ဖို့ သီချင်းလေးတွေပြန်ပြောပြလိုက်ပါတယ်နော်။
ပထမဆုံး အနေနဲ့ သူ့ ဆရာ Yoo Young Jin နဲ့ D.O. ရဲ့ နာမည်ကြီး သီချင်း “Tell Me (What Is Love)”ပါ။ သူ တစ်ယောက်တည်းရဲ့ live performance လည်း ရှိတာမို့ လွမ်းနေသူတွေအတွက် ပိုလွမ်းလို့ကောင်းပါတယ်။
2 က EXO ရဲ့ “Moonlight”ပါ။ D.O. ရဲ့ အသံအေးအေးလေးနဲ့ လိုက်ဖက်လွန်းပြီး Baekhyun နဲ့ တွဲဆိုထားတာမို့ ညီအစ်ကို နှစ်ယောက်ရဲ့ အပေးအယူမျှမှုက ပိုနားထောင်လို့ကို မဝစေပါဘူး။
3 အနေနဲ့ က “Crying Out” ဖြစ်ပြီး “Cart” က သူပါဝင်ထားတဲ့ drama ရဲ့ OST ပါ။ သူ့အသံ ပိုင်နိူင်မှုနဲ့က လုံးဝ ငြိမ့်ငြိမ့်လေးနဲ့ နားထဲစွဲစေပြီး နံနက်စောစော alarm ပေးထားရင် စိတ်အေးအေးနဲ့ နိူးထနိူင်ပါတယ်။
4 ပုဒ်မြောက်က “That’s Okay” ဆိုတဲ့ သူ စစ်မှုမထမ်းခင်လေး သူ့ပရိသတ်တွေအတွက် လက်ဆောင်ပေးသွားခဲ့တဲ့ စိတ်အင်အားဖြည့်ဆည်းပေးတဲ့ သီချင်းကောင်းလေးပါ။
5 ခုမြောက်က EXO ရဲ့ “Sing For You” ဖြစ်ပြီး ဂစ်တာသံ ပါးပါးလေး ဆွေးဆွေးလေးနဲ့ လွမ်းမောစေတဲ့ EXO ရဲ့ နာမည်ကြီး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်နော်။
6 က EXO – “Baby Don’t Cry” သီချင်းလေးပါ။မငိုဖို့ ဆိုလေလေ ပိုငိုရလေဖြစ်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Chanyeolရဲ့ rap အေးအေး memberတွေရဲ့ နားထောင်မဝစေတဲ့ အသံတွေနဲ့အတူ D.O. ရဲ့ vocal အားကလည်း ရူးခါစေတာမျိုးဖြစ်ပါတယ်။
7 ခု မြောက်က EXO ပြန်ဆိုထားတဲ့ “Sabor a Mi” (original က Luis Miguel ပါ ) ဒါလေးကတော့ တကယ် proud ဖြစ်စေတဲ့ ဖျော်ဖြေမှုမျိုးကို အတိုင်းသား တွေ့ခဲ့ရတဲ့ သီချင်းလေးပါ။
8 ပုဒ်မြောက် အနေနဲ့က EXO ရဲ့ “Miracles in December” ဆိုတဲ့ Christmas သီချင်းဖြစ်ပြီး တန်ဖိုးမဖြတ်နိူင်လောက်အောင်ကို ကောင်းမွန်တဲ့ သီချင်းပါပဲ။
9 ခုမြောက်က Chen နဲ့ D.O. ညီအကိုတွေ အတူတူ ဆိုထားတဲ့ “The Last Time” (original က Eric Benet) ဒီမှာလည်း သူတို့ main vocalist ၂ယောက်ရဲ့ ပါဝါကို ပြသနိူင်ခဲ့ပါတယ်။
10 ပုဒ်မြောက် နောက်ဆုံး အနေနဲ့က EXO ရဲ့ “Stronger” ဖြစ်ပြီး “Ex’Act,” album ထဲပါတဲ့ အားတင်းထား ဆိုတာကို ရင်နင့်အောင် ခံစားစေလောက်တဲ့အထိ ထိရောက်စေတဲ့ သီချင်းကောင်းလေးပါပဲ။
လွမ်းနေသူတွေကတော့ ဘာနားထောင်ထောင်ကို သတိရစေတာ သိပေမယ့် သူ့အသံလေးကို ပိုအသားပေးကြားရတဲ့ သီချင်းလေးတွေချည်း ပြောပြပေးထားပါတယ်။ ပြန်တွေ့ရဖို့ နီးလာနေပြီမို့ သီချင်းလေးတွေနဲ့ အလွမ်းဖြေကြပါစို့နော်။
Source from soompi.
#KTZ (MM Pandora K)
K-pop & K-Drama, Idols & Cele တွေရဲ့ နောက်ဆုံးရ သတင်းများကို စုံစုံလင်လင် ဖတ်ဖို့အတွက် MM Pandora K ကို Like လုပ်ထားဖို့မမေ့နဲ့နော်။
Leave a Reply
Your email address will not be published. Required fields are marked *