[Zawgyi Version]
the_heat (MM Pandora K)
Source – Allkpop
[Unicode Version]
ကမ္ဘာပေါ်မှာ နာမည်တူမရှား လူတူမရှားသလို မွေးနေ့တူတဲ့ idols တွေလည်းမရှားပါဘူး။ ကဲခုတော့ ပရိသတ်တွေ အတွက် အက်ဒ်မင် အကြိုက်ဆုံး မွေးနေ့တူတဲ့ idols စုံတွဲသုံးတွဲ ကို ဖော်ပြပေးမှာပါ။ ဒါနဲ့ စုံတွဲဆိုတာက ဒီတိုင်းလေး မွေးနေတူလို့ တွဲပေးတာနော်။ နောက်ပြီး စုံတွဲဆိုတိုင်း ချစ်သူရည်းစားကို ဆိုလိုတာမဟုတ်ပါနော်။
ပထမဆုံး တစ်တွဲအနေနဲ့ BLACKPINK ရဲ့ Visual လေး Jisoo လေးနဲ့ AOA ရဲ့ visual လေး Seolhyun တို့ဖြစ်ပါတယ်။ နှစ်ယောက်လုံးရဲ့မွေးနေ့ကတော့ 1995 ခုနှစ် January 3 ရက်နေ့ဖြစ်ပါတယ်။ နှစ်ယောက် လုံးသာ စုံတွဲအဖြစ် အဖွဲ့တစ်ခုထဲမှာ ရှိနေမယ်ဆိုရင်တော့ ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ အလှနတ်သမီးလေးတွေဖြစ်သွားမှာပါ။
နောက်တစ်တွဲကတော့ BTS က V နဲ့ Seventeen က Joshua တို့ဖြစ်ပါတယ်။ နှစ်ယောက်လုံးကို 1995 ခုနှစ် December လ 30 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ V က အသံကြီးကြီးလေးဆိုပေမယ့် အဆွေးအလွမ်းသီချင်းဆိုရင် အဆမတန် နားထောင်ကောင်းပြီး Joshua ရဲ့အသံလေးက ရှရှလေးနဲ့ အမြင့်သံတွေဆိုရင် နားဝင်ချိုလွန်းပါတယ်။ ဒါကြောင့် နှစ်ယောက်လုံး Group တစ်ခုထဲမှာ အတူရှိနေရင် အသံပိုင်းဆိုင်ရာမှာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူးနော်။
နောက်ဆုံးတစ်တွဲအနေနဲ့ Red Velvet က Seulgi နဲ့ Apink က Na Eun တို့ဖြစ်ပါတယ်။ သူတို့ရဲ့ မွေးနေ့လေးကတော့ 1994 ခုနှစ် February 10 ဖြစ်ပါတယ်။ Na Eun က Apink ရဲ့ Lead Dancer နေရာယူထားပြီး Seulgi က Red Velvet ရဲ့ Main Dancer ဖြစ်ပါတယ်။ နှစ်ယောက်လုံးသာ အတူရှိမယ်ဆိုရင် အကဖျော်ဖြေမှုအပိုင်းမှာ လုံးဝကို အလန်းစား ကကွက်တွေ ထွက်လာမှာပါ။
ကိုယ်သိတဲ့ မွေးနေ့တူတဲ့ idols တွေကို comment မှာ ပြောပြပေးရင်း ပရိသတ်တွေ အနေနဲ့လည်း MM Pandora K ရဲ့ Facebook Group ထဲကိုလည်း ဝင် join ပေးပြီး ကိုယ်ကြိုက်တဲ့ အနုပညာရှင် အကြောင်းကို ဝေမျှသွားနိုင်ပါတယ်နော်။
K-Pop,K-Drama, Idols & Cele တွေရဲ့ နောက်ဆုံးရ သတင်းများကို စုံစုံလင်လင် ဖတ်ဖို့အတွက် MM Pandora K ကို Like လုပ်ထားဖို့ မမေ့နဲ့နော်။
the_heat (MM Pandora K)
Source – Allkpop